Days
နေ့များ
မနက်မိုးလင်းလို့ ပြတင်းတံခါးကို ဖွင့်လိုက်တော့
သိပြီးသားရှုမျှော်ခင်းကို ငြင်းဆိုတဲ့
ပြတင်းတံခါးရဲ့ ကျွီခနဲ အသံကို ကြားရတယ်။
အငွေ့အသက်ဟောင်းတွေ တွယ်စီးလာတဲ့လေက
ငါ့ပြက္ခဒိန်ထဲ ခုန်ပေါက်တိုးဝှေ့
အရှုံးတွေ ပေနေတဲ့ မျက်နှာကို ဆေးကြောပြီး
မျှော်လင့်ထွက်ခဲ့သူ
ကံကြမ္မာက
ငါ ကျက်ထားတဲ့ စာတွေ မေးဖော်မရဘူး.....
ခုတော့
ပခုံးပေါ်က တစ်ကိုယ်ရေတစ်ကာယများ
ခဏခဏ အောက်ချနားရင်း တရွေ့ရွေ့ပေါ့
တစ်ခုပဲ တွေးပြီး ကျေနပ်တယ်
ကိုယ် ဖတ်မိတဲ့ ဗေဒင်ယတြာက
ကိုယ့်ပါးကိုယ် ဆယ်ချက် ချရမှာလေ ......။
သစ္စာပိုင်စိုး
သိပြီးသားရှုမျှော်ခင်းကို ငြင်းဆိုတဲ့
ပြတင်းတံခါးရဲ့ ကျွီခနဲ အသံကို ကြားရတယ်။
အငွေ့အသက်ဟောင်းတွေ တွယ်စီးလာတဲ့လေက
ငါ့ပြက္ခဒိန်ထဲ ခုန်ပေါက်တိုးဝှေ့
အရှုံးတွေ ပေနေတဲ့ မျက်နှာကို ဆေးကြောပြီး
မျှော်လင့်ထွက်ခဲ့သူ
ကံကြမ္မာက
ငါ ကျက်ထားတဲ့ စာတွေ မေးဖော်မရဘူး.....
ခုတော့
ပခုံးပေါ်က တစ်ကိုယ်ရေတစ်ကာယများ
ခဏခဏ အောက်ချနားရင်း တရွေ့ရွေ့ပေါ့
တစ်ခုပဲ တွေးပြီး ကျေနပ်တယ်
ကိုယ် ဖတ်မိတဲ့ ဗေဒင်ယတြာက
ကိုယ့်ပါးကိုယ် ဆယ်ချက် ချရမှာလေ ......။
သစ္စာပိုင်စိုး
|